Testimonials
Testimonials
Seinn Nwe Oo
ကျွန်မနာမည် မစိမ်းနွဲ့ဦးပါ။ Proximity Finance Microfinance Company Limited ရဲ့ Head of Finance အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ ကျွန်မ MBA တက်ဖို့ စဉ်းစားတဲ့အခါ ဘယ်ကျောင်းကို တက်ရမလဲဆိုပြီး ကျောင်းပေါင်းများစွာကို Research လုပ်ပြီး ရှာဖွေခဲ့ပါတယ်။ အဓိက ကြည့်တာကတော့ ကျောင်းရဲ့ Quality နဲ့ သင်ရိုးညွှန်းတမ်းတွေပေါ့နော်။ စင်ကာပူမှာ နေလာတုန်းကလည်း Kaplan Singapore မှာ ကျောင်းတက်ခဲ့ဖူးတာမို့ ကျောင်းရဲ့ အရည်အသွေးကိုတော့ စိတ်ချယုံကြည်ပြီးသားပါ။ Kaplan Myanmar University College ကို ရွေးချယ်ဖြစ်ခဲ့တာကတော့ Kaplan Singapore မှာ Murdoch MBA ကို သင်ကြားပေးနေတဲ့ Star Lecturer တွေကိုယ်တိုင် 100%… တိုက်ရိုက် လာသင်တဲ့အပြင် သင်ရိုးကလည်း Murdoch University က သင်ရိုးအတိုင်းပဲမို့ Kaplan Myanmar ကို ရွေးချယ်ဖြစ်ခဲ့တာပါ။ Kaplan Myanmar မှာ တက်ရတာရော Murdoch ရဲ့ သင်ရိုး နဲ့ သင်နည်းစနစ်တွေကိုရော တကယ်ပဲ စိတ်တိုင်းကျခဲ့ပါတယ်။ သင်ယူခဲ့ရတဲ့ ပုံစံ၊ နည်းစနစ်တွေကို လုပ်ငန်းခွင်မှာ ချက်ချင်း အသုံးချနိုင်ခဲ့သလို လုပ်ငန်းခွင်ကို တိုးတက်အောင် ဘယ်လို လုပ်ရမယ်ဆိုတာတွေ အဆုံး အားလုံးကို Business Point of View ကနေ ပိုပြီး ကြည့်တတ်၊ မြင်တတ်လာတဲ့အခါ ကျွန်မရဲ့ အလုပ်မှာလည်း တိုးတက် အောင်မြင်မှုတွေ ရရှိလာပါတယ်။ KMUC ရဲ့ Murdoch MBA ကို ရွေးချယ်ခဲ့တဲ့ ကျွန်မရဲ့ ရွေးချယ်မှုက မှန်ကန်သွားတယ်လို့ ထင်ပါတယ်။ Show More “Seinn Nwe Oo”
Su Wai Oo
ကျွန်မကတော့ MBA First Batch က ဆုဝေဦး ပါ UFL English နဲ့ ကျောင်းပြီးခဲ့ပြီး Portsmouth University မှ B.E(Civil) ဘွဲ့ကိုလည်းရရှိခဲ့ပါတယ်။ Kaplan ရဲ့ Murdoch MBA ကို join ခဲ့တာ အရင်နှစ်ထဲကပါ အခုတော့ MBA ပြီးသွားပါပြီ။ Kaplan မှာ MBA တက်ခဲ့တာ ကျွန်မအတွက် အမှန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ Kaplan မှာသင်တဲ့ ဆရာတွေက အရည်အချင်းလည်း အရမ်းရှိပါတယ်။ ဆရာ Khrishna ဆိုရင် Family လိုမျိုး တပည့်တွေကို သဘောထားပြီး သင်ပေးပါတယ်။ အခက်အခဲတွေ ရှိရင်လည်း ကူညီပေးဖို့ ဝန်မလေးတဲ့သူတစ်ယောက်ပါ။ Murdoch MBA ရဲ့… Course Structure က လည်း အရမ်းကောင်းပါတယ် Exam Based တစ်ခုထဲ မဟုတ်ဘဲ Assignments တွေ Presentation တွေ Innovations တွေလုပ်ရပါတယ်။ Murdoch ရဲ့ဘာသာတွေထဲမှာ ကျွန်မ အကြိုက်ဆုံး ကတော့ Leading the engaged Enterprise ပါ။ ဒီဘာသာက လက်တွေ့ ဘဝအတွက် အရမ်းအသုံးဝင်ပါတယ်။ ကိုယ့်မှာကြုံတွေ့ရတဲ့ Paradox တွေကို ဘယ်လိုမျိုး Handle လုပ်မလဲ ဆိုတာတွေ၊ လုပ်ငန်းခွင်မှာတွေ့ရတဲ့ Adaptive challenges တွေကို ဘယ်လိုမျိုး လုပ်ဆောင်မလဲဆိုတာကို သင်ယူရပါတယ်။ နောက်ထပ်အကြိုက်ဆုံးကတော့ Business, Society and Environment ပါ။ Social Innovation တွေနဲ့ ပတ်ဝန်းကျင်ကို အထောက်အကူပြုပြီး Business Opportunities တွေပါရနိုင်တာတွေ၊ အခက်အခဲ အကြီးကြီးတွေ အကုန်လုံးကို မနိုင်မနင်း ဖြေရှင်းတာထက် Small Wins တွေနဲ့ နိုင်သလောက် ထိထိမိမိ ဖြေရှင်းလို့ရတာတွေ က BSE ရဲ့ ကျွန်မကြိုက်တဲ့အချက်တွေပါ။ ကျန်တဲ့ဘာသာတွေရဲ့ အားသာချက်တွေ က အများကြီးပါ ရေးလို့ဆုံးမယ် မထင်တော့ပါဘူး။ So, I’m really thankful for Kaplan to give opportunities like that. Show More “Su Wai Oo”
Myat Mon Phyo
ကျွန်မနာမည် မြတ်မွန်ဖြိုးပါ။ လက်ရှိ Head of Treasury position နဲ့ Telenor Myanmar, Finance Department မှာ လုပ်နေပါတယ်။ MBA ကိုတက်ဖို့ ကျောင်းတွေစုံစမ်းနေတာတော့ တစ်နှစ်လောက်ရှိပါပြီ။ Kaplan ရဲ့ Murdoch MBA ကိုရွေးပြီးတက်ဖြစ်တာကတော့ Kaplan ရဲ့ ကျောင်းခိုင်မာမှုရှိတာရယ်၊ Murdoch MBA က world top 100 စာရင်းဝင် ဖြစ်တာရယ်၊ သင်ရမယ့် Subject တွေကလည်း စိတ်ဝင်စားစရာကောင်းပြီး လက်တွေ့မှာ တကယ်ကို အသုံးဝင်နိုင်လို့ရွေးချယ်ခဲ့တာပါ။ တကယ်တမ်းမှာလည်း သင်ကြားရတဲ့ ပညာရပ်တွေက တကယ်ကို စိတ်ဝင်စားစရာကောင်းပြီး Leadership တို့ Business, Society and the Environment တို့ဆို… အလုပ်အတွက်သာမက နေ့စဥ် ထိတွေ့ဆက်ဆံနေရတဲ့ Family နဲ့ environment အတွက်ပါ ပြန်ပြီးအသုံးချနိုင်ခဲ့ပါတယ်။ သင်ပေးတဲ့ ဆရာတွေကလည်း တခြားနိုင်ငံတွေမှာရှိတဲ့ Kaplan ကျောင်းတွေနဲ့တန်းတူ Worldwide အတွေ့အကြုံကောင်းတွေရှိတဲ့ Fly-in lecturers တွေကိုယ်တိုင် လာသင်ပေးပြီး ဆရာတွေက ဘာသာရပ်တွေကို လက်တွေ့ နဲ့ နိုင်ငံတကာ အတွေ့အကြုံ တွေပါ ပေါင်းပြီးရှင်းပြတဲ့အတွက် စာသင်ချိန်တွေဟာ တကယ်အကျိုးရှိခဲ့ပါတယ်။ မတူညီတဲ့ လုပ်ငန်းခွင် နယ်ပယ်အသီးသီးက အသိတွေလည်း တိုးလာပြီး သူတို့ကိုယ်တိုင် ဖြေရှင်းလာတဲ့ အမျိုးမျိုးသော အတွေ့အကြုံတွေကို Share ပေးကြတဲ့အတွက် ပျော်စရာကောင်းသလို ဗဟုသုတလည်း တိုးပါတယ်။ Assignment တွေရေးတဲ့အခါ ကိုယ်ပိုင်critical thinking တွေနဲ့ စဥ်းစားပြီး ရေးရတဲ့အတွက် critical thinking skill တွေလည်း တိုးတက်လာပါတယ်။ နောက်ထပ်သင်ရမယ့် Marketing , innovation , global business နဲ့ strategic ဘာသာရပ်တွေမှာလည်း ကိုယ့်အတွက် ဗဟုသုတရစရာတွေ လက်တွေ့လုပ်ငန်းခွင်အသုံးချစရာတွေ အများကြီးရှိလာမယ်လို့လည်း ယုံကြည်ပါတယ်။ Show More “Myat Mon Phyo”
Lach
ကျွန်မ နာမည် Lach ပါ။ မီဒီယာ ကုမ္ပဏီတစ်ခုကို တည်ထောင်ထားပြီး ဒီလုပ်ငန်းရဲ့ အခွဲတွေဖြစ်တဲ့ ဂန္ထဝင် မဂ္ဂဇင်း၊ ဂန္ထဝင် တယ်လီတို့ဆိုရင် ခုဆို မြန်မာနိုင်ငံမှာ Empowerment နဲ့ ပတ်သက်ပြီး တော်တော်လေးကို ခရီးရောက်နေပြီလို့ ဆိုရမှာပါ။ စင်ကာပူမှာ Kaplan Singapore ကျောင်းတက်ပြီး သြစတြေးလျက Murdoch University မှာ မာစတာ ယူခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံပြန်လာပြီး ကိုယ်ပိုင်လုပ်ငန်းစခဲ့တာ ခုဆိုရင် လေးနှစ်ခွဲ ရှိပါပြီ။ ကိုယ်လုပ်နေတဲ့ အလုပ်က မြန်မာနိုင်ငံက မီလျံနဲ့ ချီတဲ့ လူတွေအတွက် အထောက်အကူဖြစ်အောင်၊ အတွေးအခေါ်တွေ တိုးတက်အောင် ထိထိရောက်ရောက် ဘယ်လို လုပ်မလဲဆိုတဲ့ အပိုင်းကို အဓိက သွားရတဲ့အခါမှာ အလုပ်က ဝင်ငွေရှာတဲ့ အပိုင်းတစ်ခုတည်း မဟုတ်တော့ဘူးပေါ့နော်။… တော်တော်လေး Balance ယူပြီး လုပ်ခဲ့ရတယ် ဆိုတော့ Murdoch မှာ ရခဲ့တဲ့ ပညာတွေကလည်း ကိုယ့်ရဲ့ လုပ်ငန်းခွင်အတွက် အများကြီး အသုံးဝင်တာ တွေ့ရတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့ လေးနှစ်ခွဲ ကာလကို ပြန်လှည့်ကြည့်လိုက်မယ်ဆိုရင် ကိုယ်ဘယ်ကျောင်းကို ရွေးမလဲဆိုတာရယ်။ ဘယ်မှာ မာစတာယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေက အများကြီး အထောက်အကူဖြစ်နေတာကို တွေ့ရပါတယ်။ Murdoch University မှာ ၇၀% လောက်က Assignment based ဖြစ်ပြီးတော့ ၃၀% လောက်ကပဲ စာမေးပွဲအတွက် ဖြစ်တဲ့အခါ Assignment ကို ပိုလုပ်ရတော့ တကယ့် ကုမ္ပဏီကြီးတွေကို သေချာ Analyze လုပ်ရတယ်။ အတွင်းပိုင်းထိ သေချာလေ့လာရတယ်။ တကယ့်လုပ်ငန်းခွင်အတွက်လည်း အများကြီး အတွေ့အကြုံတွေ ရခဲ့တယ်။ ပြီးတော့ ဗဟုသုတတွေလည်း အများကြီး ရခဲ့တယ်ပေါ့နော်။ ပြီးတော့ Murdoch ကို ရွေးရတဲ့ နောက်ထပ် အကြောင်းရင်း တစ်ခုက Business နဲ့ ပတ်သက်ရင် တစ်ကမ္ဘာလုံးက top 500 Universities တွေမှာ Murdoch က တစ်ခု အပါအဝင်ဖြစ်တယ်။ Module တွေကလည်း ၁၂ ဘာသာရွေးရတယ်။ အဲ့ ၁၂ဘာသာလုံးက တကယ့် လုပ်ငန်းခွင်ထဲ ဝင်တာပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းထောင်တာပဲ ဖြစ်ဖြစ် ရှုထောင့်မျိုးစုံက လိုအပ်မယ့် အကြောင်းအရာတွေ အကုန်ပါတယ်။ ဥပမာ Marketing ပါမယ်။ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ဘယ်လိုချမလဲဆိုတဲ့ Strategist Decision Making ပါမယ်။ Organizational Behavior တွေ ပါမယ်။ Law တွေလည်း ပါတဲ့အခါမှာ ဒါတွေက တကယ်လုပ်ငန်းခွင်ထဲ ဝင်တဲ့အခါကျရင် တကယ်လိုအပ်တဲ့ အရာတွေဖြစ်တယ်။ ဆိုတော့ ကျောင်းပြီးပြီး ၁နှစ်နဲ့ ၄လပြီးတော့ လုပ်ငန်းခွင်ထဲဝင်တဲ့အခါ Murdoch University ကို ရွေးချယ်ခြင်းက အများကြီး အထောက်အကူဖြစ်ပါတယ်။ ခု Kaplan က မြန်မာနိုင်ငံမှာ KMUC အဖြစ် ရှိနေပြီး ခု ဒီမှာသင်နေတဲ့ Murdoch MBA တွေဆိုရင် Lach တို့ စင်ကာပူမှာ သင်ခဲ့တဲ့ ဆရာတွေကပဲ လာပြီးတော့ သင်ပေးတာဖြစ်တာဆိုတော့ကာ ဟာ.. ဒီလူငယ်တွေ အရမ်းကံကောင်းတာပဲလို့ ခံစားရတယ်။ Show More “Lach”
Zaw Lwin Moe
မင်္ဂလာပါ!! ကျွန်တော်ကတော့ ဇော်လွင်မိုးပါ။ ယခုလက်ရှိမှာတော့ Murdoch University ရဲ့ MBA ကို Kaplan Myanmar University College မှာ တက်ရောက်နေပါတယ်။ မြန်မာပြည်မှာက MBA တွေမှိုလိုပေါက်နေပေမယ့် ကျွန်တော်ဘာလို့ Kaplan Myanmar မှာ တက်ဖို့ စီစဉ်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးချင်ပါတယ်။ MBA Course တွေ
မြန်မာနိုင်ငံအနှံ့အပြားကို စီးဝင်လာတဲ့ခေတ်မှာ
ရွေးချယ်ရခက်မှာ သေချာပါတယ်
ကျွန်တော်ကိုယ်တိုင်လည်း အချိန်အတော်ကြာယူပြီး MBA ကို အမျိုးအစား ခွဲခဲ့ပါတယ် ပထမဆုံး စဉ်းစားမိတာက Quality 💯💯 Quality အတွက်
www.timeshighereducation.com website အကူအညီနဲ့
စစ်ကြည့်လိုက်ပါတယ်
Murdoch… University က ကမ္ဘာ့ အဆင့်ကောင်းတဲ့အပြင်
Research အပိုင်းမှာ Rating တော်တော်များနေတာကို တွေ့ခဲ့ရပါတယ်
ဒါ့အပြင် ကျောင်းရဲ့ Website မှာလဲ
Myanmar Campus ကို ဖော်ပြထားတာကြောင့်
စိတ်ချယုံကြည်ပြီး ရွေးချယ်ခဲ့ပါတယ် ဒုတိယအချက်က ကျောင်းရဲ့ အနာဂတ်အလားအလာ (Vision) ♻♻ Murdoch University ရဲ့ အနာဂတ်ရည်ရွယ်ချက်က
Quality ကောင်းတဲ့ တီထွင် ဆန်းသစ်မှု တွေ အတွက်
ရည်ရွယ်ထားပါတယ်
ဒါ့အပြင် 2017-2027 ဗျူဟာမြောက်စီမံကိန်း ကလည်း
အနာဂတ်အတွက် ရည်ရွယ်ချက် ကြီးမားတဲ့ သူတိုင်း ကို
ကျောင်းက Supporting Role အနေနဲ့ရှိနေမယ်လို့ ဖော်ပြထားပါတယ်။
ဒီအချက်တွေနဲ့တင်
MBA အတွက် Murdoch University ကို
ရွေးချယ်ဖို့ ဖြစ်လာခဲ့ပါတယ် တတိယအချက်ကတော့ Freethinking 💎💎 (၂၁) ရာစုမှာ ဘယ်စီးပွားနယ်ပယ်မဆို
ပြောင်းလဲမှုတွေက အမြန်ဆုံးနှုန်း (Quantum Leap) နဲ့ စိန်ခေါ်နေတာပါ
ဒီလို အခြေအနေ မှာ အရေးကြီးဆုံးက
ပြောင်းလဲမှုကို စိန်ခေါ်နိုင်ဖို့
လွတ်လပ်စွာတွေးခေါ်ခွင့်ပဲ ဖြစ်ပါတယ်
ဒီအချက်ကလဲ Murdoch University ရဲ့ Main Strength တွေထဲက တစ်ခု ဖြစ်နေပါတယ်
ဒါကြောင့်လည်း Murdoch နဲ့ ရပ်တည်ပြီး
ကျွန်တော့် MBA ခရီးစဉ်ကို စတင်ဖြစ်ခဲ့ပါတယ် 👍Digital wave နဲ့အတူ ကမ္ဘာအနှံ့ စီးဆင်းနေတဲ့ စိန်ခေါ်မှုတွေအတွက်
👍Quality ကောင်းတဲ့ MBA အတွက်
👍International Network ကောင်းရဖို့အတွက်
👍Game Changer အနေနဲ့ တွေးခေါ်နိုင်ဖို့
Murdoch University ရဲ့ MBA ကို ရွေးချယ်ဖို့
မိတ်ဆွေတို့ကို တိုက်တွန်းလိုက်ပါတယ်ဗျ.. Show More “Zaw Lwin Moe”
Ye Yint Aung, Htet Naing Win,and Phoo Pyae
ဒီတပတ် မိတ်ဆက်ပေးချင်တာကတော့
Kaplan Myanmar ရဲ့ Certificate in University Foundation Studies အတန်းကို တက်ရောက်နေတဲ့
ရဲရင့်အောင်၊ ထက်နိုင်ဝင်း၊ ဖူးပြည့်နှင့် လင်းလဲ့ပြည့်ပြည့်တို့ သူငယ်ချင်း ၄ ယောက် Group လေးနဲ့ မိတ်ဆက်ပေးပါရစေ…
ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကျောင်းအတူတူတက်ရင်း ကြီးပြင်းလာကြတဲ့ဒီအဖွဲ့လေးကတော့ အ.ထ.က (၁) ဒဂုံကနေ ဆယ်တန်းအောင်မြင်ပြီးတဲ့နောက် Kaplan မှာ တက်ရောက်ဖြစ်ခဲ့ပုံလေးကို မျှဝေပေးထားပါတယ် မေး- Kaplan Myanmar မှာ ကျောင်းတက်ဖို့ ဘာလို့ရွေးချယ်ခဲ့တာလဲ? ဖြေ- ကျွန်တော်တို့တွေက ငယ်ငယ်လေးကတည်းက အရမ်းခင်တယ်။ ကျောင်းလည်းအတူတူ တက်ခဲ့ကြတာ။ ငယ်ငယ်ကတည်းကလည်း စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တာ… ဆယ်တန်းပြီးတော့ စီးပွားရေးတက္ကသိုလ်တက်ချင်ပေမယ့် အဝေးဆိုတော့ မသွားချင်ဘူး။… ဒါနဲ့ Kaplan ကို ရွေးခဲ့တာပါ။ တကယ်လည်းသေချာချိတ်ထားတဲ့ကျောင်းက Kaplan ပဲရှိတယ်။ Kaplan ကကျ Singapore မှာလည်း အရမ်းနံမည်ကြီး လူသိများတယ်။ ကျွန်တော်တို့ အကိုတွေ အမတွေကလည်း Singapore မှာရှိတယ်။ သူတို့ကပဲ တိုက်တွန်းလို့ လာတက်တာပါ။ မေး- Kaplan Myanmar မှာ ကျောင်းတက်ရတဲ့ အတွေ့အကြုံ ဖြေ- ပျော်ဖို့ကောင်းပါတယ်
စတက်တဲ့နေ့ကတည်းက Ice-breaking session နဲ့ ဆရာမက စပေးတယ်။ စရောက်ခါစက ဒီသူငယ်ချင်း group ကလွဲကျန်တာမသိဘူး။ အတန်းစတက်တဲ့နေ့ Ice-breaking session မှာ Left-right game တွေဘာတွေ ကစားပြီးနောက်ပိုင်း အားလုံးနဲ့ ခင်မင်ရင်းနှီးသွားတယ်။
Activity တွေလည်း အမြဲတမ်းလိုလိုရှိတော့ ကျောင်းသွားတက်ရတာ ပျော်ပါတယ်။ Show More “Ye Yint Aung, Htet Naing Win,and Phoo Pyae”
Ye Htut Myo
Teesside University ၏ MSc. Engineering Management ကို တက်ရောက်မည့် မဟာဘွဲ့လွန်တန်းကျောင်းသား ကိုရဲထွဋ်မျိုးရဲ့ ရင်တွင်းစကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။ မေး – လက်ရှိအလုပ်အကိုင်လေး ဖော်ပြပေးပါဦးခင်ဗျာ။ လက်ရှိမှာ Subsea Engineer အနေနဲ့ POSCO International Corporation ( Myanmar E&P ) ရဲ့ Operation and Maintenance Department မှာ အလုပ်လုပ်နေပါတယ်။ မေး – MSc Engineering ကို တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း သိပါရစေ။ ဒီ MSc ကို တက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းက ဒီ course ဟာ ကျွန်တော့် Career နဲ့ ဆက်စပ်နေပြီး ရှေ့ဆက်တိုးတက်ဖို့အတွက်… လိုအပ်တဲ့ ဗဟုသုတတွေ ရမယ်လို့ ယုံကြည်လို့ ရွေးချယ်ခဲ့တာပါ။
ရန်ကုန်မှာ အလုပ်တစ်ဖက်နဲ့တက်နိုင်မယ့် Course တွေရှာကြည့်တော့ Kaplan Myanmar နဲ့ Teesside University ပေါင်းပြီးဖွင့်မယ့် ဒီ MSc Course ကိုတွေ့ပါတယ်။
ပထမဆုံး Kaplan Myanmar ရော Teesside ရောဟာ Reputation ကောင်းတဲ့အဖွဲ့အစည်းတွေဖြစ်လို့ ဒီ course ဟာ အရည်အသွေးကောင်းမယ်လို့ ယုံပါတယ် Modules တွေကို ကြည့်တဲ့အခါ ၁။ Developing self and others – ကိုယ့်ကိုယ်ကို တိုးတက်စေဖို့နဲ့ ဦးဆောင်မှုအတွက် လိုအပ်တဲ့ EQ နဲ့သက်ဆိုင်တဲ့ soft skill တွေ ၂။ Post graduate business research method – စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့သီအိုရီနဲ့ လက်တွေ့အသုံးချမှုတွေ ၃။ Advanced project planning and visualization – project management ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ planning အတွက် လိုအပ်မယ့်နည်းလမ်းတွေ ၄။ Managing challenging environment – အဖွဲ့အစည်းမှာ ရင်ဆိုင်ရမယါ့ အခက်အခဲတွေနဲ့ လိုက်လျောညီထွေဖြေရှင်းဖို့ နည်းလမ်းတွေ ၅။ Supply chain management – အင်ဂျင်နီယာလုပ်ငန်းတိုင်းမှာ လိုအပ်တဲ့ material procurement, spare management တွေနဲ့ ဆက်စပ်တဲ့ကုန်စည်စီးဆင်းမှု စီမံခန့်ခွဲမှုတွေ ၆။ Risk Management in project – အင်ဂျင်နီယာလုပ်ငန်းတိုင်းမှာ အရေးကြီးတဲ့ risk management အယူအဆတွေပါတယ်လို့ တွေ့ရပါတယ်။ ဒီ module အားလုံးဟာ အင်ဂျင်နီယာလုပ်ငန်းတွေကို စီမံခန့်ခွဲဖို့ အခြေခံဗဟုသုတတွေဖြစ်လို့ စိတ်ဝင်စားပြီး ရွေးချယ်လိုက်တာပါ။ Show More “Ye Htut Myo”
Yin May Oo
ဒီတခါမှာတော့ Professional Diploma in Business English အတန်းကို တက်ရောက်နေတဲ့ကျောင်းသူ မယဉ်မေဦးကို မေးမြန်းဖြစ်ခဲ့ပါတယ်။ မေး – ညီမလေးအနေနဲ့ ဒီအတန်းကို ဘယ်လိုသိခဲ့တာပါလဲ.. ? ဖြေ – မေဦးဆယ်တန်းဖြေပီးလို့အင်္ဂလိပ်ကျောင်းတွေစုံစမ်းတဲ့အချိန်မှာ Kaplan ရဲ့ English Programme ကို Facebook က နေ တွေ့ခဲ့ပါတယ်။ ဒါနဲ့ စုံစမ်းပြီး သဘောကျမိတာနဲ့ တက်ရောက်ခဲ့တာပါ။ မေး – ဒီ Programme ကို တက်ရောက်နေရင်းနဲ့ တိုးတက်လာတာလေးတွေရှိရင် မျှဝေပေးပါဦးနော်။ ဖြေ – ကျောင်းက level တစ်ခုအတွက် သင်ကြားချိန် လုံလောက်စွာ ပေးပါတယ်။ ပြီးတော့ native lecturer ထံမှ One-to-one အသေးစိတ်အာရုံစိုက်ပြီး အနီးကပ်သင်ကြားခွင့်ရပါတယ်။
… /> ဆရာကစိတ်ရှည်တယ်။ သေသေချာချာသင်ကြားပေးတဲ့အတွက် level တစ်ခုပြီးသွားတဲ့အချိန်မှာ မေဦးရဲ့english skills က သိသိသာသာ improveဖြစ်လာပါတယ်။ အထူးသဖြင့် Speaking နဲ့ Listening skill တွေတိုးတက်လာပါတယ်။ ပြောရဲဆိုရဲရှိလာတယ်။ မေး – ညီမလေး Kaplan မှာ တက်ရောက်ပြီး ဘယ်လိုအကျိုးကျေးဇူးတွေ ရခဲ့သလဲ.. ? ဖြေ – မေဦးအနေနဲ့ Kaplan ကိုရွေးချယ်ခဲ့တာ အပေါ် တော်တော်လေးမှန်တယ်လို့ ယုံကြည်ပါတယ်။ သင်ကြားမှု သင်ယူမှုအပိုင်းတွေက အရမ်းကို စိတ်ဝင်စားစရာဖြစ်ပြီး လေ့လာချင်စိတ်ကို ထောက်ပံ့ပေးပါတယ်။ ကျောင်းရဲ့ facilities ကလည်းအရမ်းကိုကောင်းမွန်ပါတယ်။ လိုအပ်မယ့် သင်ထောက်ကူပစ္စည်းအကုန် ပံ့ပိုးကူညီထားပါတယ်။ Show More “Yin May Oo”
Su Su Htun Myat
Certificate in University Foundation Studies အတန်းမှာ တက်ရောက်နေတဲ့ ကျောင်းသူ မစုစုထွန်းမြတ်ရဲ့ ရင်တွင်းစကားသံကို မျှဝေပေးပါရစေ။ မေး- Kaplan Myanmar ကို ဘယ်လို သိခဲ့တာပါလဲ.. ? ဖြေ- ညီမရဲ့ ဆရာမတစ်ယောက်ဆီကနေ သိခဲ့တာပါ။ မေး – Kaplan မှာ တက်ရောက်ဖို့ စဉ်းစားရွေးချယ်ဖြစ်ပုံလေးတွေ ပြောပြပေးပါဦး။ ညီမက တက္ကသိုလ်ဝင်တန်းပြီးတော့ ဘယ်ကျောင်းဆက်တက်သင့်လဲဆိုတာ ဆရာမနဲ့ တိုင်ပင်ခဲ့ပါတယ်။ ဆရာမက Kaplan က မြန်မာကို ဝင်လာပြီဆိုတာရယ်… Singapore မှာဆိုလည်း Kaplan ရဲ့ Reputation ကကောင်းပါတယ်။ ပြီးတော့ မိဘတွေရဲ့ စီးပွားရေးလုပ်ငန်းကိုလည်း ဆက်လက်ကူညီချင်တယ်။ ဒါကြောင့် ဒီက Kaplan မှာပဲ တက်ဖို့ ရွေးချယ်ခဲ့တာပါ။… မေး – ညီမလေး Kaplan မှာ တက်ရောက်တဲ့အတွေ့အကြုံလေးတွေ မျှဝေပေးပါဦး။ ဖြေ – ညီမဆယ်တန်းပြီးတော့ အခုဒီမှာ Foundation Programme ကို တက်ရောက်နေပါတယ်။ Kaplan မှာက ကျောင်းသင်ခန်းစာအပြင် ပြင်ပ Activity လှုပ်ရှားမှုတွေရှိတယ်။ ဆရာဆရာမတွေကလည်း စာသင်ပြတာကောင်းတယ်။ သေချာနားလည်လွယ်စေတယ်။ Gym တို့ Zumba တို့လည်း စီစဉ်ပေးထားတယ်။ Industrial Visit ဆိုလည်း ပြည်တွင်းထိတ်တန်း marketing agency လိုမျိုးတွေကို လေ့လာခွင့်ရတယ်။ Singapore အထိ Study Tour လိုမျိုးတွေလုပ်ခွင့်ရတာမို့ Kaplan မှာ ကျောင်းတက်ရတာကို သဘောကျပါတယ်။ Show More “Su Su Htun Myat”
Pyie Oo Khin
Diploma in Global Business Studies အတန်းမှာ တက်ရောက်နေတဲ့ ကျောင်းသူ မပြည့်ဦးခင်ရဲ့ ရင်တွင်းစကားသံကို မျှဝေပေးပါရစေ။
မေး- Kaplan Myanmar ကို ဘယ်လို သိခဲ့တာပါလဲ.. ?
ဖြေ- ညီမက Kaplan ကို သိခဲ့တာကြာပါပြီ။ သမီးအစ်မကိုယ်တိုင်ကလည်း Kaplan Singapore မှာ ကျောင်းပြီးခဲ့တာပါ။ Kaplan အနေနဲ့ မြန်မာကိုရောက်လာတာကို အမဆီကရော Online ကနေသိခဲ့တာပါ။
မေး – Kaplan မှာ တက်ရောက်ဖို့ စဉ်းစားရွေးချယ်ဖြစ်ပုံလေးတွေ ပြောပြပေးပါဦး။
ဆယ်တန်းပြီးတော့ ညီမလည်း Kaplan Singapore မှာ ဆက်တက်ဖို့ ရည်ရွယ်ထားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ Kaplan က… မြန်မာမှာ လာဖွင့်တယ်။ အိမ်မှာက အငယ်ဆုံးလည်းဖြစ်တာရယ် ဖေဖေ မေမေတို့ကိုမခွဲချင်ချင်ရယ်ကြောင့် ဒီက Campus မှာပဲ တက်ဖို့ဖြစ်သွားတာပါ။
မေး – ညီမလေး Kaplan မှာ တက်ရောက်တဲ့အတွေ့အကြုံလေးတွေ မျှဝေပေးပါဦး။
ဖြေ – ညီမဆယ်တန်းပြီးတော့ ဒီမှာ Foundation Programme ကနေ စတက်ရောက်ခဲ့တာ အခုဆို Diploma တန်းအထိ ရောက်လာပါပြီ။ Kaplan မှာက ကျောင်းသင်ခန်းစာအပြင် ပြင်ပ Activity လှုပ်ရှားမှုတွေရှိတယ်။ Gym တို့ Zumba တို့လည်း စီစဉ်ပေးထားတယ်။ Industrial Visit ဆိုလည်း ပြည်တွင်းထိတ်တန်း marketing agency လိုမျိုးတွေကို လေ့လာခွင့်ရတယ်။ Singapore အထိ Study Tour လိုမျိုးတွေလုပ်ခွင့်ရတာမို့ Kaplan မှာ ကျောင်းတက်ရတာကို သဘောကျပါတယ်။ Show More “Pyie Oo Khin”
Phyo Oo Han
ဒီတခါမှာတော့
Halliburton Myanmar Energy Services Pte., Ltd မှာ Senior Logistics Specialist အဖြစ် တာဝန်ယူထားတဲ့ ကိုဖြိုးဦးဟန်မှ Kaplan မှာ MBA ကိုရွေးချယ်တက်ရောက်ဖြစ်ခဲ့ပုံ ရင်တွင်းစကားသံများကို မျှဝေပေးထားပါတယ်။ မေး- Kaplan Myanmar ကို ဘယ်လို သိခဲ့တာပါလဲ.. ?
ဖြေ- Kaplan အနေနဲ့ မြန်မာကိုရောက်လာတာကို Online ကနေသိခဲ့တာပါ။ Kaplan Singapore ကိုတော့ သိထားတာက ကြာပါပြီ။ မေး – Murdoch MBA ကို တက်ရောက်ဖို့ စဉ်းစားရွေးချယ်ဖြစ်ပုံလေးတွေ ပြောပြပေးပါဦး။
ကျွန်တော် အနေနဲ့ MBA ကို မတက်ရောက်ခင် မှန်မှန်ကန်ကန်ဖြစ်ဖို့… သေသေချာချာ စဉ်းစားရွေးချယ်ခဲ့ရပါတယ်။ Murdoch MBA Programme ကို သွားတွေ့အခါ course outline တွေ module ကလည်း စိတ်ဝင်စားစရာကောင်းတယ် ။ Murdoch ကလည်း ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ဖြစ်ပြီး တစ်ကမ္ဘာ့လုံးကလည်း အသိအမှတ်ပြုထားတယ်။ ဒါကြောင့် Murdoch MBA ကိုပဲ ရွေးချယ်ဖြစ်ခဲ့တာပါ။ အလုပ်အတွက်ရော career development အတွက်ရော အရမ်းကို အထောက်အကူဖြစ်ပါတယ်။ Show More “Phyo Oo Han”
Nyein Nyein Lin
ဒီတခါမှာတော့ Advanced Diploma in Global Business Studies တန်းအတွက် 50 % Scholarship ကို ရရှိခဲ့တဲ့ မငြိမ်းငြိမ်းလင်းရဲ့ ရင်တွင်းစကားသံလေးကို ဖော်ပြပေးထားပါတယ်။ မငြိမ်းငြိမ်းလင်းကတော့ တက်ရောက်သင်ယူရတဲ့ Module ဘာသာရပ် ခြောက်ခုမှာ 5 High Distinctions & 1 Distinction ဖြင့် ယှဉ်ပြိုင်မှု ပြင်းထန်လာပြီး သတ်မှတ်ချက်တွေ များပြားလှတဲ့ Kaplan ရဲ့ 50% ပညာသင်ဆုကို ရရှိခဲ့သူနှစ်ဦးအနက် တစ်ဦးဖြစ်ပါတယ်။ Kaplan တွင် ပညာသင်ဆုကို ရွေးချယ်ရာတွင်လည်း Academic Record တစ်ခုတည်းကိုသာမက ကျောင်းတက်မှန်မှု ၊ အတန်းတွင်း Activity များတွင် Performance ကောင်းမကောင်း၊ ကျောင်းတွင်းလှုပ်ရှားမှုများတွင် ပါဝင်ခြင်းရှိမရှိ စသည့်… ကဏ္ဍအသီးသီးကို အဆင့်ဆင့် သေချာစီစစ် အကဲဖြတ်ပြီးမှ ရွေးချယ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ မေးခွန်းလေး နည်းနည်းလောက် မေးခွင့်ပြုပါနော် မေး – ညီမလေး ဒီ scholarship ရတဲ့အပေါ်ခံစားချက်လေး သိပါရစေ..
ဘယ်လိုပြောရမလဲ…. Scholarship ရတဲ့အတွက် အရမ်းပဲ ဝမ်းသာပါတယ် အခုလို ရတဲ့အတွက် ပိုပြီးတော့လည်း ရှေ့လျှောက် စာပိုပြီး ကြိုးစားချင်လာတယ်.. ကြိုးစားမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ မေး – ပြီးတော့ စာနဲ့ပတ်သက်ပြီး ဘယ်လို ကြိုးစားလေ့လာမှုတွေ လုပ်ခဲ့တယ်ဆိုတာလေး ပြောပြပေးပါဦးနော်။ ဖြေ – ဟုတ်ကဲ့.. တစ်နေ့စာ တစ်နေ့ ပြန်လုပ်ဖြစ်ပါတယ်။ နားလည်အောင် ဖတ်တယ်။ ဒီမှာက စဉ်းစားတွေးခေါ်ရတဲ့ဘက်ကို အလေးပေးထားတာဆိုတော့ ကိုယ်တိုင်နားမလည်ထားရင် အဆင်မပြေပါဘူး။ နားမလည်တာတွေ ရှိလာလည်း ဆရာတွေကိုမေးတာမျိုး လုပ်ပါတယ်။ မေး – ညီမလေးက အခုဆိုရင် Advanced Diploma အတန်းထိ ရောက်လာခဲ့ပြီဆိုတော့ Kaplan မှာ တက်ရောက်ဖို့ ရွေးချယ်ခဲ့တာအပေါ် ကိုယ့်ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ်လို့ ယူဆသလား..? ပြောင်းလဲတိုးတက်လာတာလေးတွေလည်း မျှဝေပေးပါဦး။ ဖြေ – ဟုတ် ရွေးချယ်မှုမှန်တယ် လို့ ထင်ပါတယ်။ ကျောင်းတက်ရတာလည်း ပျော်ပါတယ် ပြီးတော့ ဒီကျောင်း ရောက်မှ ပိုပြီး စာလုပ်ချင်စိတ်ပေါ်လာတယ်။ အရမ်းလည်း ဗဟုသုတ ရပါတယ် ကျောင်းက fireside chat ပွဲတွေ လုပ်ပေးတာကြောင့် အခုဆို ဟောပြောပွဲ တွေ စိတ်ဝင်စားလာတယ်။ ပြီးတော့ အခုဆို ကိုယ် ဘယ် career ကိုသွားရမလဲဆိုတာ ပိုပြီး သိလာတယ် ။ Show More “Nyein Nyein Lin”
Joseph Win
ဒီတပတ်မှာတော့ Murdoch University ၏ MBA ကို တက်ရောက်နေသည့် ကို Joseph Win နဲ့တွေ့ဆုံပြီး ရင်တွင်းစကားသံတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး – လက်ရှိအလုပ်အကိုင်လေး ဖော်ပြပေးပါဦးခင်ဗျာ။
လက်ရှိမှာ မိုးသီးဆေးခန်းနှင့် ဆေးရုံ၊ ဟိုတယ်မိုးသီးစတဲ့လုပ်ငန်းတွေမှာ CEO အဖြစ် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။
မေး – Murdoch MBA ကို တက်ရောက်ဖို့ ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်း သိပါရစေ။
ကျွန်တော့် Career နဲ့ ဆက်စပ်နေပြီး လိုအပ်တာကြောင့် ရွေးချယ်ခဲ့တာပါ။ ဆေးရုံဆေးခန်းလို အမှားအယွင်းခံလို့ မရတဲ့လုပ်ငန်းတွေ ဟိုတယ်လို Customer service ကို အလေးပေးဆောင်ရွက်ရတဲ့လုပ်ငန်းတွေမျိုးတွေမှာ နည်းစနစ်ကျတဲ့ စီမံခန်ခွဲမှုပညာရပ်က လိုအပ်ပါတယ်။ပြီးတော့ အလုပ်တစ်ဖက်နဲ့တက်နိုင်မယ့် Quality… Programme တွေရှာကြည့်တော့ Kaplan Myanmar မှာ Murdoch MBA ကို ပို့ချနေတယ်ဆိုတာကြောင့် တက်ရောက်ဖြစ်ခဲ့ပါတယ်။ Murdoch MBA က Feedback တွေလည်း ကောင်းသလို ကျောင်းအနေနဲ့ကလည်း Ranking , Reputation တွေလည်း ကောင်းတာကြောင့်လည်း ပါပါတယ်။ Show More “Joseph Win”