Zaw Lwin Moe

Zaw Lwin Moe

မင်္ဂလာပါ!! ကျွန်တော်ကတော့ ဇော်လွင်မိုးပါ။ ယခုလက်ရှိမှာတော့ Murdoch University ရဲ့ MBA ကို Kaplan Myanmar University College မှာ တက်ရောက်နေပါတယ်။ မြန်မာပြည်မှာက MBA တွေမှိုလိုပေါက်နေပေမယ့် ကျွန်တော်ဘာလို့ Kaplan Myanmar မှာ တက်ဖို့ စီစဉ်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးချင်ပါတယ်။

MBA Course တွေ
မြန်မာနိုင်ငံအနှံ့အပြားကို စီးဝင်လာတဲ့ခေတ်မှာ
ရွေးချယ်ရခက်မှာ သေချာပါတယ်
ကျွန်တော်ကိုယ်တိုင်လည်း အချိန်အတော်ကြာယူပြီး MBA ကို အမျိုးအစား ခွဲခဲ့ပါတယ်

ပထမဆုံး စဉ်းစားမိတာက Quality 💯💯

Quality အတွက်
www.timeshighereducation.com website အကူအညီနဲ့
စစ်ကြည့်လိုက်ပါတယ်
Murdoch University က ကမ္ဘာ့ အဆင့်ကောင်းတဲ့အပြင်
Research အပိုင်းမှာ Rating တော်တော်များနေတာကို တွေ့ခဲ့ရပါတယ်
ဒါ့အပြင် ကျောင်းရဲ့ Website မှာလဲ
Myanmar Campus ကို ဖော်ပြထားတာကြောင့်
စိတ်ချယုံကြည်ပြီး ရွေးချယ်ခဲ့ပါတယ်

ဒုတိယအချက်က ကျောင်းရဲ့ အနာဂတ်အလားအလာ (Vision) ♻♻

Murdoch University ရဲ့ အနာဂတ်ရည်ရွယ်ချက်က
Quality ကောင်းတဲ့ တီထွင် ဆန်းသစ်မှု တွေ အတွက်
ရည်ရွယ်ထားပါတယ်
ဒါ့အပြင် 2017-2027 ဗျူဟာမြောက်စီမံကိန်း ကလည်း
အနာဂတ်အတွက် ရည်ရွယ်ချက် ကြီးမားတဲ့ သူတိုင်း ကို
ကျောင်းက Supporting Role အနေနဲ့ရှိနေမယ်လို့ ဖော်ပြထားပါတယ်။
ဒီအချက်တွေနဲ့တင်
MBA အတွက် Murdoch University ကို
ရွေးချယ်ဖို့ ဖြစ်လာခဲ့ပါတယ်

တတိယအချက်ကတော့ Freethinking 💎💎

(၂၁) ရာစုမှာ ဘယ်စီးပွားနယ်ပယ်မဆို
ပြောင်းလဲမှုတွေက အမြန်ဆုံးနှုန်း (Quantum Leap) နဲ့ စိန်ခေါ်နေတာပါ
ဒီလို အခြေအနေ မှာ အရေးကြီးဆုံးက
ပြောင်းလဲမှုကို စိန်ခေါ်နိုင်ဖို့
လွတ်လပ်စွာတွေးခေါ်ခွင့်ပဲ ဖြစ်ပါတယ်
ဒီအချက်ကလဲ Murdoch University ရဲ့ Main Strength တွေထဲက တစ်ခု ဖြစ်နေပါတယ်
ဒါကြောင့်လည်း Murdoch နဲ့ ရပ်တည်ပြီး
ကျွန်တော့် MBA ခရီးစဉ်ကို စတင်ဖြစ်ခဲ့ပါတယ်

👍Digital wave နဲ့အတူ ကမ္ဘာအနှံ့ စီးဆင်းနေတဲ့ စိန်ခေါ်မှုတွေအတွက်
👍Quality ကောင်းတဲ့ MBA အတွက်
👍International Network ကောင်းရဖို့အတွက်
👍Game Changer အနေနဲ့ တွေးခေါ်နိုင်ဖို့
Murdoch University ရဲ့ MBA ကို ရွေးချယ်ဖို့
မိတ်ဆွေတို့ကို တိုက်တွန်းလိုက်ပါတယ်ဗျ..