
Su Wai Oo
ကျွန်မကတော့ MBA First Batch က ဆုဝေဦး ပါ UFL English နဲ့ ကျောင်းပြီးခဲ့ပြီး Portsmouth University မှ B.E(Civil) ဘွဲ့ကိုလည်းရရှိခဲ့ပါတယ်။ Kaplan ရဲ့ Murdoch MBA ကို join ခဲ့တာ အရင်နှစ်ထဲကပါ အခုတော့ MBA ပြီးသွားပါပြီ။
Kaplan မှာ MBA တက်ခဲ့တာ ကျွန်မအတွက် အမှန်ဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ်။ Kaplan မှာသင်တဲ့ ဆရာတွေက အရည်အချင်းလည်း အရမ်းရှိပါတယ်။ ဆရာ Khrishna ဆိုရင် Family လိုမျိုး တပည့်တွေကို သဘောထားပြီး သင်ပေးပါတယ်။ အခက်အခဲတွေ ရှိရင်လည်း ကူညီပေးဖို့ ဝန်မလေးတဲ့သူတစ်ယောက်ပါ။
Murdoch MBA ရဲ့ Course Structure က လည်း အရမ်းကောင်းပါတယ် Exam Based တစ်ခုထဲ မဟုတ်ဘဲ Assignments တွေ Presentation တွေ Innovations တွေလုပ်ရပါတယ်။ Murdoch ရဲ့ဘာသာတွေထဲမှာ ကျွန်မ အကြိုက်ဆုံး ကတော့ Leading the engaged Enterprise ပါ။ ဒီဘာသာက လက်တွေ့ ဘဝအတွက် အရမ်းအသုံးဝင်ပါတယ်။ ကိုယ့်မှာကြုံတွေ့ရတဲ့ Paradox တွေကို ဘယ်လိုမျိုး Handle လုပ်မလဲ ဆိုတာတွေ၊ လုပ်ငန်းခွင်မှာတွေ့ရတဲ့ Adaptive challenges တွေကို ဘယ်လိုမျိုး လုပ်ဆောင်မလဲဆိုတာကို သင်ယူရပါတယ်။
နောက်ထပ်အကြိုက်ဆုံးကတော့ Business, Society and Environment ပါ။ Social Innovation တွေနဲ့ ပတ်ဝန်းကျင်ကို အထောက်အကူပြုပြီး Business Opportunities တွေပါရနိုင်တာတွေ၊ အခက်အခဲ အကြီးကြီးတွေ အကုန်လုံးကို မနိုင်မနင်း ဖြေရှင်းတာထက် Small Wins တွေနဲ့ နိုင်သလောက် ထိထိမိမိ ဖြေရှင်းလို့ရတာတွေ က BSE ရဲ့ ကျွန်မကြိုက်တဲ့အချက်တွေပါ။
ကျန်တဲ့ဘာသာတွေရဲ့ အားသာချက်တွေ က အများကြီးပါ ရေးလို့ဆုံးမယ် မထင်တော့ပါဘူး။
So, I’m really thankful for Kaplan to give opportunities like that.