
Seinn Nwe Oo
ကျွန်မနာမည် မစိမ်းနွဲ့ဦးပါ။ Proximity Finance Microfinance Company Limited ရဲ့ Head of Finance အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ ကျွန်မ MBA တက်ဖို့ စဉ်းစားတဲ့အခါ ဘယ်ကျောင်းကို တက်ရမလဲဆိုပြီး ကျောင်းပေါင်းများစွာကို Research လုပ်ပြီး ရှာဖွေခဲ့ပါတယ်။ အဓိက ကြည့်တာကတော့ ကျောင်းရဲ့ Quality နဲ့ သင်ရိုးညွှန်းတမ်းတွေပေါ့နော်။
စင်ကာပူမှာ နေလာတုန်းကလည်း Kaplan Singapore မှာ ကျောင်းတက်ခဲ့ဖူးတာမို့ ကျောင်းရဲ့ အရည်အသွေးကိုတော့ စိတ်ချယုံကြည်ပြီးသားပါ။ Kaplan Myanmar University College ကို ရွေးချယ်ဖြစ်ခဲ့တာကတော့ Kaplan Singapore မှာ Murdoch MBA ကို သင်ကြားပေးနေတဲ့ Star Lecturer တွေကိုယ်တိုင် 100% တိုက်ရိုက် လာသင်တဲ့အပြင် သင်ရိုးကလည်း Murdoch University က သင်ရိုးအတိုင်းပဲမို့ Kaplan Myanmar ကို ရွေးချယ်ဖြစ်ခဲ့တာပါ။
Kaplan Myanmar မှာ တက်ရတာရော Murdoch ရဲ့ သင်ရိုး နဲ့ သင်နည်းစနစ်တွေကိုရော တကယ်ပဲ စိတ်တိုင်းကျခဲ့ပါတယ်။ သင်ယူခဲ့ရတဲ့ ပုံစံ၊ နည်းစနစ်တွေကို လုပ်ငန်းခွင်မှာ ချက်ချင်း အသုံးချနိုင်ခဲ့သလို လုပ်ငန်းခွင်ကို တိုးတက်အောင် ဘယ်လို လုပ်ရမယ်ဆိုတာတွေ အဆုံး အားလုံးကို Business Point of View ကနေ ပိုပြီး ကြည့်တတ်၊ မြင်တတ်လာတဲ့အခါ ကျွန်မရဲ့ အလုပ်မှာလည်း တိုးတက် အောင်မြင်မှုတွေ ရရှိလာပါတယ်။ KMUC ရဲ့ Murdoch MBA ကို ရွေးချယ်ခဲ့တဲ့ ကျွန်မရဲ့ ရွေးချယ်မှုက မှန်ကန်သွားတယ်လို့ ထင်ပါတယ်။