Phyo Oo Han

Phyo Oo Han

ဒီတခါမှာတော့
Halliburton Myanmar Energy Services Pte., Ltd မှာ Senior Logistics Specialist အဖြစ် တာဝန်ယူထားတဲ့ ကိုဖြိုးဦးဟန်မှ Kaplan မှာ MBA ကိုရွေးချယ်တက်ရောက်ဖြစ်ခဲ့ပုံ ရင်တွင်းစကားသံများကို မျှဝေပေးထားပါတယ်။

မေး- Kaplan Myanmar ကို ဘယ်လို သိခဲ့တာပါလဲ.. ?
ဖြေ- Kaplan အနေနဲ့ မြန်မာကိုရောက်လာတာကို Online ကနေသိခဲ့တာပါ။ Kaplan Singapore ကိုတော့ သိထားတာက ကြာပါပြီ။

မေး – Murdoch MBA ကို တက်ရောက်ဖို့ စဉ်းစားရွေးချယ်ဖြစ်ပုံလေးတွေ ပြောပြပေးပါဦး။
ကျွန်တော် အနေနဲ့ MBA ကို မတက်ရောက်ခင် မှန်မှန်ကန်ကန်ဖြစ်ဖို့ သေသေချာချာ စဉ်းစားရွေးချယ်ခဲ့ရပါတယ်။ Murdoch MBA Programme ကို သွားတွေ့အခါ course outline တွေ module ကလည်း စိတ်ဝင်စားစရာကောင်းတယ် ။ Murdoch ကလည်း ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ဖြစ်ပြီး တစ်ကမ္ဘာ့လုံးကလည်း အသိအမှတ်ပြုထားတယ်။ ဒါကြောင့် Murdoch MBA ကိုပဲ ရွေးချယ်ဖြစ်ခဲ့တာပါ။ အလုပ်အတွက်ရော career development အတွက်ရော အရမ်းကို အထောက်အကူဖြစ်ပါတယ်။