Myat Mon Phyo

Myat Mon Phyo

ကျွန်မနာမည် မြတ်မွန်ဖြိုးပါ။ လက်ရှိ Head of Treasury position နဲ့ Telenor Myanmar, Finance Department မှာ လုပ်နေပါတယ်။ MBA ကိုတက်ဖို့ ကျောင်းတွေစုံစမ်းနေတာတော့ တစ်နှစ်လောက်ရှိပါပြီ။ Kaplan ရဲ့ Murdoch MBA ကိုရွေးပြီးတက်ဖြစ်တာကတော့ Kaplan ရဲ့ ကျောင်းခိုင်မာမှုရှိတာရယ်၊ Murdoch MBA က world top 100 စာရင်းဝင် ဖြစ်တာရယ်၊ သင်ရမယ့် Subject တွေကလည်း စိတ်ဝင်စားစရာကောင်းပြီး လက်တွေ့မှာ တကယ်ကို အသုံးဝင်နိုင်လို့ရွေးချယ်ခဲ့တာပါ။ ​

တကယ်တမ်းမှာလည်း သင်ကြားရတဲ့ ပညာရပ်တွေက တကယ်ကို စိတ်ဝင်စားစရာကောင်းပြီး Leadership တို့ Business, Society and the Environment တို့ဆို အလုပ်အတွက်သာမက နေ့စဥ် ထိတွေ့ဆက်ဆံနေရတဲ့ Family နဲ့ environment အတွက်ပါ ပြန်ပြီးအသုံးချနိုင်ခဲ့ပါတယ်။ သင်ပေးတဲ့ ဆရာတွေကလည်း တခြားနိုင်ငံတွေမှာရှိတဲ့ Kaplan ကျောင်းတွေနဲ့တန်းတူ Worldwide အတွေ့အကြုံကောင်းတွေရှိတဲ့ Fly-in lecturers တွေကိုယ်တိုင် လာသင်ပေးပြီး ဆရာတွေက ဘာသာရပ်တွေကို လက်တွေ့ နဲ့ နိုင်ငံတကာ အတွေ့အကြုံ တွေပါ ပေါင်းပြီးရှင်းပြတဲ့အတွက် စာသင်ချိန်တွေဟာ တကယ်အကျိုးရှိခဲ့ပါတယ်။​

​မတူညီတဲ့ လုပ်ငန်းခွင် နယ်ပယ်အသီးသီးက အသိတွေလည်း တိုးလာပြီး သူတို့ကိုယ်တိုင် ဖြေရှင်းလာတဲ့ အမျိုးမျိုးသော အတွေ့အကြုံတွေကို Share ပေးကြတဲ့အတွက် ပျော်စရာကောင်းသလို ဗဟုသုတလည်း တိုးပါတယ်။ Assignment တွေရေးတဲ့အခါ ကိုယ်ပိုင်critical thinking တွေနဲ့ စဥ်းစားပြီး ရေးရတဲ့အတွက် critical thinking skill တွေလည်း တိုးတက်လာပါတယ်။ နောက်ထပ်သင်ရမယ့် Marketing , innovation , global business နဲ့ strategic ဘာသာရပ်တွေမှာလည်း ကိုယ့်အတွက် ဗဟုသုတရစရာတွေ လက်တွေ့လုပ်ငန်းခွင်အသုံးချစရာတွေ အများကြီးရှိလာမယ်လို့လည်း ယုံကြည်ပါတယ်။