Lach

Lach

ကျွန်မ နာမည် Lach ပါ။ မီဒီယာ ကုမ္ပဏီတစ်ခုကို တည်ထောင်ထားပြီး ဒီလုပ်ငန်းရဲ့ အခွဲတွေဖြစ်တဲ့ ဂန္ထဝင် မဂ္ဂဇင်း၊ ဂန္ထဝင် တယ်လီတို့ဆိုရင် ခုဆို မြန်မာနိုင်ငံမှာ Empowerment နဲ့ ပတ်သက်ပြီး တော်တော်လေးကို ခရီးရောက်နေပြီလို့ ဆိုရမှာပါ။ စင်ကာပူမှာ Kaplan Singapore ကျောင်းတက်ပြီး သြစတြေးလျက Murdoch University မှာ မာစတာ ယူခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံပြန်လာပြီး ကိုယ်ပိုင်လုပ်ငန်းစခဲ့တာ ခုဆိုရင် လေးနှစ်ခွဲ ရှိပါပြီ။​

​ကိုယ်လုပ်နေတဲ့ အလုပ်က မြန်မာနိုင်ငံက မီလျံနဲ့ ချီတဲ့ လူတွေအတွက် အထောက်အကူဖြစ်အောင်၊ အတွေးအခေါ်တွေ တိုးတက်အောင် ထိထိရောက်ရောက် ဘယ်လို လုပ်မလဲဆိုတဲ့ အပိုင်းကို အဓိက သွားရတဲ့အခါမှာ အလုပ်က ဝင်ငွေရှာတဲ့ အပိုင်းတစ်ခုတည်း မဟုတ်တော့ဘူးပေါ့နော်။ တော်တော်လေး Balance ယူပြီး လုပ်ခဲ့ရတယ် ဆိုတော့ Murdoch မှာ ရခဲ့တဲ့ ပညာတွေကလည်း ကိုယ့်ရဲ့ လုပ်ငန်းခွင်အတွက် အများကြီး အသုံးဝင်တာ တွေ့ရတယ်။​

​ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့ လေးနှစ်ခွဲ ကာလကို ပြန်လှည့်ကြည့်လိုက်မယ်ဆိုရင် ကိုယ်ဘယ်ကျောင်းကို ရွေးမလဲဆိုတာရယ်။ ဘယ်မှာ မာစတာယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေက အများကြီး အထောက်အကူဖြစ်နေတာကို တွေ့ရပါတယ်။ Murdoch University မှာ ၇၀% လောက်က Assignment based ဖြစ်ပြီးတော့ ၃၀% လောက်ကပဲ စာမေးပွဲအတွက် ဖြစ်တဲ့အခါ Assignment ကို ပိုလုပ်ရတော့ တကယ့် ကုမ္ပဏီကြီးတွေကို သေချာ Analyze လုပ်ရတယ်။ အတွင်းပိုင်းထိ သေချာလေ့လာရတယ်။ တကယ့်လုပ်ငန်းခွင်အတွက်လည်း အများကြီး အတွေ့အကြုံတွေ ရခဲ့တယ်။ ပြီးတော့ ဗဟုသုတတွေလည်း အများကြီး ရခဲ့တယ်ပေါ့နော်။​

​ပြီးတော့ Murdoch ကို ရွေးရတဲ့ နောက်ထပ် အကြောင်းရင်း တစ်ခုက Business နဲ့ ပတ်သက်ရင် တစ်ကမ္ဘာလုံးက top 500 Universities တွေမှာ Murdoch က တစ်ခု အပါအဝင်ဖြစ်တယ်။ Module တွေကလည်း ၁၂ ဘာသာရွေးရတယ်။ အဲ့ ၁၂ဘာသာလုံးက တကယ့် လုပ်ငန်းခွင်ထဲ ဝင်တာပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်လုပ်ငန်းထောင်တာပဲ ဖြစ်ဖြစ် ရှုထောင့်မျိုးစုံက လိုအပ်မယ့် အကြောင်းအရာတွေ အကုန်ပါတယ်။ ဥပမာ Marketing ပါမယ်။ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ဘယ်လိုချမလဲဆိုတဲ့ Strategist Decision Making ပါမယ်။ Organizational Behavior တွေ ပါမယ်။ Law တွေလည်း ပါတဲ့အခါမှာ ဒါတွေက တကယ်လုပ်ငန်းခွင်ထဲ ဝင်တဲ့အခါကျရင် တကယ်လိုအပ်တဲ့ အရာတွေဖြစ်တယ်။

ဆိုတော့ ကျောင်းပြီးပြီး ၁နှစ်နဲ့ ၄လပြီးတော့ လုပ်ငန်းခွင်ထဲဝင်တဲ့အခါ Murdoch University ကို ရွေးချယ်ခြင်းက အများကြီး အထောက်အကူဖြစ်ပါတယ်။ ခု Kaplan က မြန်မာနိုင်ငံမှာ KMUC အဖြစ် ရှိနေပြီး ခု ဒီမှာသင်နေတဲ့ Murdoch MBA တွေဆိုရင် Lach တို့ စင်ကာပူမှာ သင်ခဲ့တဲ့ ဆရာတွေကပဲ လာပြီးတော့ သင်ပေးတာဖြစ်တာဆိုတော့ကာ ဟာ.. ဒီလူငယ်တွေ အရမ်းကံကောင်းတာပဲလို့ ခံစားရတယ်။​