Joseph Win

Joseph Win

ဒီတပတ်မှာတော့ Murdoch University ၏ MBA ကို တက်ရောက်နေသည့် ကို Joseph Win နဲ့တွေ့ဆုံပြီး ရင်တွင်းစကားသံတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး – လက်ရှိအလုပ်အကိုင်လေး ဖော်ပြပေးပါဦးခင်ဗျာ။
လက်ရှိမှာ မိုးသီးဆေးခန်းနှင့် ဆေးရုံ၊ ဟိုတယ်မိုးသီးစတဲ့လုပ်ငန်းတွေမှာ CEO အဖြစ် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။
မေး – Murdoch MBA ကို တက်ရောက်ဖို့ ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်း သိပါရစေ။
ကျွန်တော့် Career နဲ့ ဆက်စပ်နေပြီး လိုအပ်တာကြောင့် ရွေးချယ်ခဲ့တာပါ။ ဆေးရုံဆေးခန်းလို အမှားအယွင်းခံလို့ မရတဲ့လုပ်ငန်းတွေ ဟိုတယ်လို Customer service ကို အလေးပေးဆောင်ရွက်ရတဲ့လုပ်ငန်းတွေမျိုးတွေမှာ နည်းစနစ်ကျတဲ့ စီမံခန်ခွဲမှုပညာရပ်က လိုအပ်ပါတယ်။ပြီးတော့ အလုပ်တစ်ဖက်နဲ့တက်နိုင်မယ့် Quality Programme တွေရှာကြည့်တော့ Kaplan Myanmar မှာ Murdoch MBA ကို ပို့ချနေတယ်ဆိုတာကြောင့် တက်ရောက်ဖြစ်ခဲ့ပါတယ်။ Murdoch MBA က Feedback တွေလည်း ကောင်းသလို ကျောင်းအနေနဲ့ကလည်း Ranking , Reputation တွေလည်း ကောင်းတာကြောင့်လည်း ပါပါတယ်။