Start
June 18, 2020 - 6:00 pm
End
June 18, 2020 - 7:00 pm
Address
Online Webinar View mapခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ သင်ကြားမှု နည်းစနစ်တွေ၊ သင်ကြားမှု ပုံစံတွေထဲ လတ်တလော ပညာရေးလောကကို လှုပ်ခတ်လိုက်တာက အွန်လိုင်းပညာသင်ကြားရေး စနစ်ပါပဲ။ အိမ်ထဲက အိမ်ပြင်မထွက်ရဘဲ လိုင်းပေါ်ကနေ လိုချင်တဲ့ ပညာတွေ ထိုးထွင်းသင်ယူလို့ရလာတာက COVID-19 ကာလအတွင်း အဆိုးထဲက အကောင်းဖြစ်လာတာပဲ မဟုတ်လား။ အွန်လိုင်းကနေ ပညာသင်ကြားတဲ့ နည်းစနစ်က ကျောင်းသားတွေအတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရလာနိုင်လဲ။ ကျောင်းစာသင်ခန်း မဟုတ်ဘဲ အိမ်မှာ သက်တောင့်သက်သာ အွန်လိုင်းက ပညာသင်ကြားရခြင်းက ကျောင်းသားတွေအတွက် တကယ်ရော လွယ်ကူရဲ့လား။ သူတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။ စတဲ့အကြောင်းအရာတွေနဲ့ Murdoch ရဲ့ အွန်လိုင်းပညာသင်ကြားမှု နည်းစနစ်တွေ၊ ဘယ်တော့ ကျောင်းတွေ ပြန်ဖွင့်မလဲဆိုတဲ့ မေးခွန်းတွေအတွက် Murdoch University ရဲ့ Pro Vice Chancellor Transnational Education & Singapore Dean ဖြစ်တဲ့ Professor Peter Waring က ဇွန်လ (၁၈) ရက်နေ့၊ ညနေ (၆)နာရီကနေ (၇)နာရီထိ Webinar တစ်ခု ပြုလုပ်ပြီး ဆွေးနွေး ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင် ဒီလင့်ခ်လေးမှာ >> https://bit.ly/30hJTVv Register လုပ်ပြီး စာရင်းပေးသွင်းနိုင်သလို မေးချင်တဲ့ မေးခွန်းတွေ ရှိရင်လည်း ဒီပို့စ်အောက်မှာ Comment ပေးပြီး မေးလို့ ရပါတယ်နော်။ Register လုပ်ပြီးတဲ့သူတွေအတွက် Kaplan Myanmar က Webinar ပြုလုပ်မယ့် Link လေးကို Mail ကနေ တစ်ဆင့် ပို့ပေးမှာ ဖြစ်ပါတယ်။ ဇွန်လ (၁၈) ရက်နေ့မှ ဆုံကြရအောင်။
Free Register
Sign up now!